價格:免費
更新日期:2018-07-03
檔案大小:4.9M
目前版本:1.1
版本需求:Android 4.3 以上版本
官方網站:http://www.flextechmyanmar.com
Email:info.flextechmyanmar@gmail.com
聯絡地址:隱私權政策
သဘာဝပါတ်ဝန်းကျင်တရားမျှတရေးနှင့် သဘာဝအရင်းအမြစ် ဆိုင်ရာ အရေး ကိစ္စများနှင့် ပက်သက်သော အရေးကြီးပြီး အသုံးဝင်မည့် သတင်းအချက်အလက်များကို ပြည်သူများအကြား ဖြန့်ဝေနိုင်ရန် ဤ Application ကို ဖန်တီးထားခြင်းဖြစ်ပါသည်။
နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက်ရှိသော သဘာဝပတ်ဝန်းကျင်အရင်းအမြစ်စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် မူဝါဒများ၊ လယ်ယာမြေဥပဒေ၊ မျိုးစေ့ဥပဒေ နှင့် တောင်သူအခွင့်အရေး ကာကွယ်ရေးဆိုင်ရာ ဥပဒေနှင့် မူဝါဒများ၊ သတင်းအချက်အလက်များကို သိရှိနိုင်ပါမည်။
တောင်သူလယ်သမားများလည်း မိမိတို့ အခွင့်အရေးနှင့် မြယာဥပဒေစသည့် အသိ အမြင်များ၊ ဂေဟအကျိုးပြု စိုက်ပျိုးရေးနည်းပညာများ ကို လွယ်လင့်တကူ ရှာဖွေဆည်းပူးနိုင်ရန် ဖြစ်ပါသည်။
ထို့ပြင် သဘာ၀၀န်းကျင် တရားမျှတရေးရာ ၊ တောင်သူအခွင့်အရေး ကာကွယ်ရေး လှုပ်ရှားမှုများတွင် ပါဝင်ကြသူများအချင်းချင်းကြားတွင် ဆက်သွယ်ဆက်ဆံနိုင်မည့်နေရာ ၊ သတင်းအချက်လက် ရယူ/ဖြန့်ဝေရာ နေရာ အဖြစ်ဖန်တီးထားခြင်းဖြစ်ပါသည်။
ပါဝင်သော ကဏ္ဍများ
၁။ဆောင်းပါးများ
စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဆောင်းပါးများ
သဘာဝပတ်ဝန်းကျင်ရေးရာ ဆောင်းပါးများ
၂။ သတင်းများ
စိုက်ပျိုးရေး ၊ သဘာဝပတ်ဝန်းကျင်တရားမျှတရေးဆိုင်ရာ သတင်းများ
၃။ စာအုပ်များ
ကိုးကားနိုင်ရန် စာအုပ်များ ၊ ဥပဒေရေးရာ စာအုပ်များ
၎။ ဟစ်တိုင်
မိမိတို့ဒေသရှိ ပတ်ဝန်းကျင်ရေးရာပြဿနာများကို အချိန်တိုအတွင်း app သုံးစွဲသူများအကြား သတင်းပေးနိုင်ရန် နှင့် သတင်းအချက်အလက်ရယူနိုင်ရန် ။
အတွေ့အကြုံဖလှယ်ဆွေးနွေးနိုင်ရန်။
၅။ လှုပ်ရှားမှုများ
မိမိတို့ ဒေသ ရှိ ပတ်ဝန်းကျင်ရေးရာ ၊ တောင်သူ့အရေးအရာ ကိစ္စများလှုပ်ရှားဆောင်ရွက်မှုများကို တစ်နေရာတည်းတွင် မြင်နိုင်ရန်။ ပူးပေါင်းပါဝင်လှုပ်ရှားနိုင်ရန်။
၆။ အခွင့်အလမ်းများ
သင်တန်းအခွင့်အလမ်းများ ၊ အလုပ်အခွင့်အလမ်းများ ကို ဤနေရာတွင် ရယူနိုင်ရန်။
၇။ Website link များ
ဋ္ဌာနဆိုင်ရာ Website များ ၊ ပတ်ဝန်းကျင်ရေးရာ ၊ စိုက်ပျိုးနည်းပညာရေးရာ Website များ