速報APP / 圖書與參考資源 / မြန်မာ့စံမီသမ္မာကျမ်း (ယူနီကုဒ်)

မြန်မာ့စံမီသမ္မာကျမ်း (ယူနီကုဒ်)

價格:免費

更新日期:2018-02-07

檔案大小:5.4M

目前版本:1.18.1

版本需求:Android 4.4 以上版本

官方網站:http://www.globalbibleinitiative.org

Email:myanmar.standard.bible@gmail.com

မြန်မာ့စံမီသမ္မာကျမ်း (ယူနီကုဒ်)(圖1)-速報App

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်း​သည် ကျမ်း​စာ​၏​မူ​ရင်း​ဘာ​သာ​စ​ကား​များ​ဖြစ်​သော ဟေ​ဗြဲ၊ အာ​ရ​မိတ်​နှင့် ဂ​ရိ​ဘာ​သာ​စ​ကား​တို့​မှ အ​သစ်​ဘာ​သာ​ပြန်​ဆို​ထား​သော​သမ္မာ​ကျမ်း​စာ​ဖြစ်​ပါ​သည်။ ဘာ​သာ​ပြန်​ဆို​ရာ​တွင် မူ​ရင်း​ဘာ​သာ​စ​ကား​၏အ​ဓိပ္ပာယ်​ကို ထိ​ရောက်​မှန်​ကန်​စွာ​ထုတ်​ဖော်​၍ မူ​ရင်း​ရေး​ပုံ​ရေး​နည်း​များ​ကို​လည်း အ​တတ်​နိုင်​ဆုံး​ထိန်း​သိမ်း​ထား​ပါ​သည်။ ဤ​ကျမ်း​စာ​သည် မြန်​မာ​ဘာ​သာ​ဖြင့်​ဖတ်​ရှု​နိုင်​သော​သမ္မာ​ကျမ်း​စာ​များ​အ​နက် တိ​ကျ​မှန်​ကန်​၍ လွယ်​ကူ​ရှင်း​လင်း​စွာ​ဖတ်​ရှု​နိုင်​သော​ ကျမ်း​စာ​ဖြစ်​ပြီး ခေတ်​သုံး​မြန်​မာ​ဘာ​သာ​စ​ကား​၏​စံ​များ​နှင့်​ကိုက်​ညီ​၍ အ​လွှာ​အ​သီး​သီး​မှ​မြန်​မာ​လူ​မျိုး​တို့​နှင့် အံ​ဝင်​ဂွင်​ကျ​ဖြစ်​ပါ​သည်။

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်း​သည် ကျမ်း​ပ​ညာ​ရှင်​များ၊ ဘာ​သာ​ဗေ​ဒ​ပ​ညာ​ရှင်​များ​စ​သည့်​ပုဂ္ဂိုလ်​များ​ဖြင့်​ဖွဲ့​စည်း​ထား​သော Global Bible Initiative အ​ဖွဲ့​၏​လုပ်​ငန်း​တစ်​ရပ်​ဖြစ်​ပါ​သည်။ Global Bible Initiative အ​ဖွဲ့​သည် နောက်​ဆုံး​ပေါ်​နည်း​ပ​ညာ​များ​ကို​အ​သုံး​ပြု​လျက် ပင်​မ​ဘာ​သာ​စ​ကား​များ​ကို​အ​ဓိ​က​ထား​ပြီး​ခေတ်​မီ​၍​လွယ်​ကူ​ရှင်း​လင်း​စွာ​ဖတ်​ရှု​နိုင်​သော​သမ္မာ​ကျမ်း​စာ​ဘာ​သာ​ပြန်​ဆို​ခြင်း​လုပ်​ငန်း​များ​ကို​ဆောင်​ရွက်​နေ​ပါ​သည်။

မြန်မာ့စံမီသမ္မာကျမ်း (ယူနီကုဒ်)(圖2)-速報App

မြန်မာ့စံမီသမ္မာကျမ်း (ယူနီကုဒ်)(圖3)-速報App

မြန်မာ့စံမီသမ္မာကျမ်း (ယူနီကုဒ်)(圖4)-速報App